နားယားလို့ကြပ်တဲ့ ဝါဂွမ်းချောင်း..ထိပ် နှစ်ဘက်မှာ ဝါဂွမ်း(cotton)ဖြင့် လိပ်ထားတာပါ။
နားကြပ်တဲ့ ဝါဂွမ်းချောင်းလေးက အလျား/အရှည်(၃)လက္မခန့်သာ ရှိပါတယ်။
ကျွန်တော်တို့ အခု ကိုဗစ် စစ်တဲ့နေရာမှာ အသုံးပြုတဲ့ Swab ကျတော့ အလျား/အရှည်(၆)လက္မ ရှိပါတယ်။
သူ့ကို နှာခေါင်း ထဲသို့ တစ်ကြိမ် ထည့်ရသလို ပါးစပ်(အာသီး)ရောက်တဲ့အထိ (၁၅)စက္ကန့်ကြာအောင် နောက်တစ်ကြိမ် ထည့်ရပါတယ်။
သူ့ကို သိမ်းဆည်းဖို့အတွက် ဗူးလေး ပါတယ် ခင်ဗျ..အဲဒီ ဗူးလေးထဲကိုပြန်ထည့်ပြီး ဓာတ်ခွဲခန်းကို ပို့ပြီး မှ အဖြေထွက်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ လူဦးရေ ၅၄ သန်းခန့် ရှိတယ် ခင်ဗျ..
အဲဒီ လူဦးရေ (၅၄ )သန်း ကို နေအိမ် Lockdown ချပြီး မြို့နယ်ဒေသအလိုက် ကျန်းမာရေးဝန်ထမ်းတွေကို ခွဲတမ်းချပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် နေအိမ်ရှိ လူအားလုံးကို Swab စစ်နိုင်ရင် ကိုဗစ် ကို အမြန်ထိန်းချုပ်နိုင်မယ်။
ကျန်းမာရေး အသုံးစရိတ် လိုမယ်..
ကျန်းမာရေး ဝန်ထမ်းတွေ လိုမယ်...
မြို့နယ်တိုင်းမှာ Q center တွေ လိုမယ်..
ပြည်သူတွေ လိုက်နာဖို့ လိုမယ်...
ဒါဆိုရင် တော်တော် ထိန်းချုပ်နိုင်ပြီ...
သားကောင် ကို အကွက်ချ ခြံခတ်ပြီး ထောင်ဖမ်းသလိုမျိုးပေါ့...
အရင်ကတည်းက Management တွေ ကောင်းခဲ့ရင် အခုလို တကျော့ပြန်လာစရာ အကြောင်းမရှိ...။
အခု မဲဆွယ် စီတန်းလှည့်လည်တဲ့လုပ်ရပ်ဟာ လည်းအလွန်မိုက်မဲ ရမ်းကားတဲ့ လုပ်ရပ်ပဲ...
ဘဝခါးခါး✍
0 Comments