COVID-19 ကာကွယ်ဆေး ဘယ်သူတွေကို အရင်ပေးမလဲ

 COVID-19 ကာကွယ်ဆေး ဘယ်သူတွေကို အရင်ပေးမလဲ


#ခိုင်ကြည်သစ်

7Day News သတင်းစာ (၂၂-၉-၂၀၂၀)



COVID-19 ကပ်ရောဂါအ တွက် ထိရောက်တဲ့ ကာကွယ်ဆေးတွေ မကြာခင် ပေါ်ထွက်လာပါတော့ မယ်။ သေချာတာကတော့ ရှေ့ ပိုင်းနှစ်တွေမှာ ထွက်ရှိလာမယ့် ကာကွယ်ဆေးတွေဟာ နိုင်ငံ အားလုံး၊ ကမ္ဘာ့လူသားအားလုံး အတွက် လုံလောက်မှုလုံးဝ မရှိ နိုင်ဘူးဆိုတဲ့အချက်ပါပဲ။ အချို့ သော နိုင်ငံကြီးတွေဟာ ထွက်ရှိ လာသမျှ ကာကွယ်ဆေးတွေကို မိမိတို့တစ်နိုင်ငံတည်းအတွက် လက်ဝါးကြီးအုပ်ပြီးဝယ် ယူဖို့ ကြံစည်နေတာတွေ တွေ့လာနေရပါတယ်။ ဒါကို ‘ကာကွယ်ဆေးလက်ဝါးကြီးအုပ်အမျိုးသားရေးဝါဒ (Vaccine Nationalism)’ လို့ အမည်ပေးလာကြပါတယ်။ ကာကွယ်ဆေးတွေရပြီဆိုတော့လည်း ရတဲ့နိုင်ငံတွေဟာ သူတို့နိုင်ငံထဲမှာရှိတဲ့ ပြည်သူတွေအတွက် မျှမျှတတ ခွဲဝေပါ့မလားဆိုတဲ့ ပြဿနာက ရှိလာပြန်ပါတယ်။ ပိုက်ဆံရှိသူတွေ၊ ရာထူးရှိသူ တွေပဲ ကာကွယ်ဆေးရရှိတာမျိုး၊ လူမျိုးတစ်မျိုး၊ အုပ်စုတစ်စုကပဲ ကာကွယ်ဆေး ရရှိတာမျိုးတွေ လည်း ရှိလာနိုင်ပြန်ပါတယ်။ ဒီလို အခြေအနေတွေအောက်မှာ တစ် ကမ္ဘာလုံးမှာ ကာကွယ်ဆေးတွေကို ဘယ် လိုဖြန့်ဖြူးမယ်ဆိုတာက ဖြေဖို့ အလွန်ခက်တဲ့မေးခွန်း တစ်ခုပါ။


မြန်မာနိုင်ငံဟာ ပြည်သူ အားလုံးအတွက် COVID-19 ကာကွယ်ဆေးတွေ လုံလောက် အောင် ဘယ်လိုမှ မရရှိနိုင်တဲ့ နိုင်ငံတွေထဲကတစ်ခုပါ။ ဒါ ကြောင့် ခွဲတမ်းတစ်ခုနဲ့ ကာကွယ် ဆေးတွေ လက်ခံရရှိတဲ့အခါ နိုင်ငံသားတွေ အားလုံးအတွက် ကာကွယ်ဆေးလုံလောက်အောင် ထိုးနှံပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမှာ ဘယ်သူတွေ ကတော့ ကာကွယ်‌ဆေးတွေရ သင့်တယ်၊ ဘယ်သူတွေကတော့ မရသင့်ဘူးဆိုတဲ့ မေးခွန်းပေါ် ထွက်လာပြီး အစိုးရရဲ့ စီမံခန့်ခွဲမှု အပေါ် မေးခွန်းတွေထုတ်လာနိုင် ပါတယ်။ တစ်ချိန်တည်းမှာ လူ့အ ဖွဲ့အစည်းအကြား လူမှုပဋိပက္ခ တွေ ပေါ်ပေါက်လာနိုင်ခြေရှိပါ တယ်။


နောက်ထပ်မြင်မိတဲ့ ပြဿ နာတစ်ရပ်ကတော့ ကာကွယ် ဆေးမလုံလောက်မှုက စတင်တဲ့ လူမှုပဋိပက္ခတွေကနေ မလိုလား အပ်ဘဲ နိုင်ငံရေးဆီ ချိတ်ဆက် လာမယ့်အချက်ပါ။ အစိုးရကို အစဉ်သဖြင့် အတိုက်အခံပြုလို သူတွေက အစိုးရရဲ့ ကာကွယ် ဆေးဖြန့်ဝေမှုပုံစံအပေါ် ဝေဖန် တာ၊ တိုက်ခိုက်တာ၊ ကာကွယ် ‌ဆေး ဖြန့်ဝေပုံနဲ့ပတ်သက်ပြီး ပြည်သူတွေအကြား သွေးထိုးပေး တာ စတဲ့ ပြဿနာတွေက မြန်မာ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေ အပေါ် ဆိုးကျိုးတွေ သက်ရောက် လာနိုင်ပါတယ်။


ကာကွယ်ဆေး မလုံ လောက်မှုဟာ မြန်မာ့နိုင်ငံရေးအ ပေါ်မှာ သက်ရောက်မှုရှိနိုင်တဲ့အ ပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေအပေါ်မှာတောင် ရိုက် ခတ်နိုင်တယ်ဆိုတာကို သတိပြု သင့်ပါတယ်။ မြန်မာနိုင်ငံဟာ ကိုယ်တိုင် ကာကွယ်ဆေးထုတ် လုပ်နိုင်ခြင်းမရှိသလို ကာကွယ် ဆေးအမြောက်အမြား ဝယ်ယူဖို့ လည်း မတတ်နိုင်တဲ့ နိုင်ငံဖြစ်ပါ တယ်။ (စီးပွားရေးအရ ဝယ်ယူ နိုင်တဲ့ အခြေအနေရှိရင်တောင် ကမ္ဘာမှာထွက်ရှိတဲ့ ကာကွယ် ဆေးက မလုံလောက်တဲ့အတွက် လိုအပ်ချက် ပြည့်မီအောင် ဝယ် ယူနိုင်မှာ မဟုတ်ပါဘူး။) ဒါ ကြောင့် နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ မိတ်ဆွေနိုင်ငံတွေရဲ့ အကူ အညီကို မဖြစ်မနေယူရဦးမှာဖြစ် ပါတယ်။ အဲဒီလို မိတ်ဆွေနိုင်ငံ တွေရဲ့ အကူအညီယူရာမှာ အစိုး ရရဲ့ နိုင်ငံခြားဆက်ဆံရေးမူဝါဒ တွေ၊ နည်းဗျူဟာတွေနဲ့ ပြည်သူ လူထုရဲ့ သဘောထားအမြင်တွေ က တစ်ခုနဲ့တစ်ခု ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။


အဲဒီလို ကာကွယ်ဆေးမလုံ လောက်မှုကနေ ပေါက်ဖွားလာ နိုင်တဲ့ ပြဿနာအရပ်ရပ်ကို ရှောင်လွှဲနိုင်ဖို့အတွက် အစိုးရဟာ ကာကွယ်ဆေးဖြန့်ဖြူးမှုနဲ့ ပတ် သက်ပြီး နိုင်ငံတကာရဲ့ ဆောင် ရွက်ပုံတွေ၊ စဉ်းစားပုံတွေ၊ လက် တွေ့ဆောင်ရွက်ပုံတွေကို ပြည် သူလူထု ကြိုတင်သိရှိထားရ အောင် အခုအချိန်လောက်က တည်းက အသိပညာပေးထားဖို့ လိုအပ်တယ်လို့ အကြံပြုလိုပါ တယ်။ အစိုးရအနေနဲ့ လက်တွေ့ ကာကွယ်ဆေးတွေရရှိလာတဲ့အ ခါမှာလည်း အဲဒီ နိုင်ငံတကာက ချမှတ်ကျင့်သုံးတဲ့ မူဘောင်တွေ နဲ့အညီပဲ ဖြန့်ဝေရမှာဖြစ်ပါ တယ်။ ဒါကြောင့် နိုင်ငံတကာမှာ ကျင့်သုံးတဲ့ ကာကွယ်ဆေးဖြန့်ချိ ရေးမူဘောင်တွေနဲ့ အဲဒီမူဘောင် ချမှတ်ရတဲ့ အကြောင်းရင်းတွေကို အခုအချိန်ကတည်းက ကြိုတင်အသိပညာပေးထားခြင်းအားဖြင့် ‌နောင်တစ်ချိန်မှာ ကြုံတွေ့လာ ရနိုင်တဲ့ ပြဿနာတွေကို ကြို တင်ဖြေရှင်းထားနိုင်လိမ့်မယ်လို့ ယူဆပါတယ်။


ဒါ့အပြင် အဲဒီ ကာကွယ် ဆေးဖြန့်ဝေပေးမှု မူဘောင်တွေ ကို ကြိုတင်ချပြဆွေးနွေးထားခြင်း အားဖြင့် ပြည်တွင်းက ပညာရှင် တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ လက်တွေ့လုပ်ငန်းလုပ်ကိုင်နေသူတွေရဲ့ အကြံပြုချက်တွေ၊ ဝေ ဖန်ဆွေးနွေးချက်တွေကို ကြိုတင် ရယူစဉ်းစားထားနိုင်မှာ ဖြစ်ပါ တယ်။ အဲဒီ အကြံဉာဏ်တွေ၊ ဆွေးနွေးဝေဖန်သုံးသပ်ချက်တွေ ကို အသုံးချပြီး နိုင်ငံတကာက ချမှတ်ထားတဲ့ မူဘောင်တွေကို ပြည်တွင်းလိုအပ်ချက်နဲ့ ကိုက် ညီအောင် ပြန်ပြီးပြင်ဆင်တည်း ဖြတ်နိုင်မှာဖြစ်ပါတယ်။


ကမ္ဘာတစ်ဝန်းလုံး အကြား အလပ်မရှိသလောက် ပျံ့နှံ့နေတဲ့ ကပ်ရောဂါကို ကာကွယ်ပေးနိုင် တဲ့ ကာကွယ်ဆေးကို ဖြန့်ဝေ တယ်ဆိုရာမှာ ကမ္ဘာ့ပြည်သူတွေ ရဲ့ အတွေးအမြင်၊ နိုင်ငံတကာ ဆက်ဆံရေး၊ စီးပွားရေး၊ ပြည်သူ့ ကျန်းမာရေး စတာတွေအပြင် အခြားထည့်သွင်းစဉ်းစားရမယ့် မျက်နှာစာတွေအများကြီးနဲ့ ရှုပ် ထွေးလွန်းလှတဲ့ကိစ္စပဲ ဖြစ်ပါ တယ်။ တစ်ချိန်တည်းမှာ အငြင်း ပွားမှုတွေကို ဦးတည်စေနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံ တကာအဖွဲ့အစည်းတွေ၊ နိုင်ငံ့ ခေါင်းဆောင်တွေနဲ့ ကာကွယ် ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့ ကာကွယ်ဆေးဖြန့်ဝေ ရာမှာ ကျင့်ဝတ်သိက္ခာနဲ့ညီညွတ် ရေး (Ethic) ဆိုတဲ့အချက်ကို လည်း မဖြစ်မနေ ထည့်သွင်းစဉ်း စားနေကြပါတယ်။ ဒါကြောင့် အဲဒီလို စဉ်းစားရမယ့်အခြေအနေ တွေအားလုံး လွှမ်းခြုံနိုင်ပြီး တစ် ကမ္ဘာလုံးက လက်ခံအတည်ပြု ထားတဲ့  ကာကွယ်ဆေးဖြန့်ချိရေး မူဘောင်တစ်ခုတော့ အခုအချိန် အထိ ထွက်ပေါ်လာခြင်းမရှိသေး ပါဘူး။


ဒါပေမဲ့ ရှုထောင့်တစ်မျိုး ချင်းစီက ဘယ်လိုမူဘောင်မျိုးနဲ့ ဖြန့်ဝေသင့်တယ်ဆိုတဲ့ ပညာရှင် တွေ၊ အဖွဲ့အစည်းတွေရဲ့ အဆို ပြုချက်တွေတော့ အထိုက်အ လျောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အဆိုပြုကြတဲ့ မူဘောင်တွေ အချင်းချင်းကြား မှာကို မတူကွဲပြားမှုတွေ ငြင်းခုံမှု တွေကရှိနေဆဲပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒါတွေကို ကြိုတင်သိရှိ ထားခြင်းက အနာဂတ်မှာ ပေါ် ပေါက်လာနိုင်တဲ့ ပြဿနာတွေကို ရှောင်လွှဲနိုင်ဖို့ ကောင်းမွန်တဲ့ ကိစ္စတစ်ရပ်ဖြစ်လိမ့်မယ်လို့ ယူ ဆမိပါတယ်။ ဒါကြောင့် အဲဒီ မတူညီတဲ့ အဆိုပြုချက်အချို့ကို ဥပမာထုတ် တင်ပြလိုပါတယ်။


အဆိုပြုချက်တွေအနက် ထင်ရှားတဲ့တစ်ခုကတော့ CO-VID-19 ကာကွယ်ဆေး ရရှိလာ ချိန်မှာ ကမ္ဘာ့နိုင်ငံအသီးသီးကို လူဦးရေအချိုးအစားအရ ကာ ကွယ်ဆေးတွေ အညီအမျှခွဲပေး မယ့်နည်းလမ်းဖြစ်ပါတယ်။ ကာ ကွယ်ဆေး စတင်ထွက်ရှိလာတဲ့ ပထမအဆင့်မှာ နိုင်ငံလူဦးရေရဲ့ ၃ ရာခိုင်နှုန်း၊ ကာကွယ်ဆေးတွေ ပိုပြီး တိုးချဲ့ထုတ်လုပ်လာနိုင်တဲ့ အခြေအနေမှာ ဒုတိယအဆင့်အ ဖြစ် ၂၀ ရာခိုင်နှုန်းနဲ့ အလုံအ လောက် ထုတ်လုပ်လာနိုင်ချိန်မှာ ၂၀ ရာခိုင်နှုန်းကျော် ဖြန့်ဝေသွားဖို့ အဆိုပြုထားတာဖြစ်ပါတယ်။ ဒီ အဆိုပြုချက်ကိုတော့ Gavi Plan လို့ လူသိများပါတယ်။


နောက်ထပ် အဆိုပြုချက် တစ်ခုကတော့ ရလာတဲ့ကာကွယ် ဆေးတွေကို ရောဂါကူးစက်ဖြစ် ပွားပြီး ဆိုးဆိုးရွားရွားထိခိုက်နိုင် တဲ့ အုပ်စုတွေကို ဦးစားပေးထိုးနှံ သွားဖို့ အကြံပြုထားပါတယ်။ အဲဒီအုပ်စုတွေကတော့ (၁) ကျန်း မာရေးဝန်ထမ်းတွေ၊ (၂) အသက် (၆၅) နှစ်အထက်ရှိသူတွေ၊ (၃) ကင်ဆာ၊ နှလုံးနဲ့ သွေးကြောဆိုင် ရာရောဂါတွေနဲ့ အဝလွန်ခြင်း တွေလို ရောဂါဒဏ်ကိုပိုခံရနိုင်ခြေ ရှိတဲ့အရွယ်ရောက်ပြီးသူတွေဖြစ်ပါတယ်။ WHO ရဲ့ အကြံပြုချက် ပါ။


 အချို့ပညာရှင်တွေက လည်း အဲဒီအဆိုပြုချက် နှစ်ရပ် စလုံးမှာ အားနည်းချက်တွေရှိနေ တယ်လို့ ထောက်ပြကြပါတယ်။ နိုင်ငံအားလုံးကို လူဦးရေရဲ့ ၃ ရာခိုင်နှုန်းဆီ ဖြန့်ဝေပေးတယ် ဆိုတာ ရုတ်တရက်ကြည့်လိုက်ရင် နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား မျှမျှတတရှိတယ်လို့ ယူဆနိုင်ပါ တယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ အခြေအနေချင်းလည်း မတူ၊ ရောဂါကူးစက်ပြန့်ပွားနှုန်း လည်း မတူဘဲ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းဆီ အတိအကျ ခွဲဝေ ပေးမယ်ဆိုတာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ အချို့ နိုင်ငံတွေက ၃ ရာခိုင်နှုန်း မထိုးနှံ သေးဘဲ အခြေအနေကို ထိန်းနိုင် ပေမယ့် အချို့နိုင်ငံတွေက ၃ ရာ ခိုင်နှုန်းရရုံနဲ့ ဘာမျှ အလုပ်မဖြစ် နိုင်တာမျိုး ကြုံရနိုင်ပါတယ်။


 ဒုတိယအဆိုပြုချက်ကို ကြည့်ရင်လည်း ကျန်းမာရေးဝန် ထမ်းတွေအားလုံးကို ပထမဦးစား ပေးလို့ဆိုထားပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်း တစ်ဦးနဲ့ တစ်ဦး၊ အမျိုးအစားတစ်ခုနဲ့တစ်ခု ရောဂါရနိုင်တဲ့အန္တရာယ်ဟာ တူ ညီတာမဟုတ်ပြန်ပါဘူး။ ချမ်း သာတဲ့နိုင်ငံက ကျန်းမာရေးဝန် ထမ်းတွေဟာ တစ်ကိုယ်ရေအ ကာအကွယ်ဝတ်စုံ (PPE) တွေ ကို ဆင်းရဲတဲ့နိုင်ငံတွေထက် ပိုပြီး လုံလုံလောက်လောက် ရရှိနိုင်ပါ လိမ့်မယ်။ ဒါကြောင့် PPE လုံလုံ လောက်လောက် အသုံးမပြုနိုင်တဲ့ ဆင်းရဲတဲ့နိုင်ငံက ကျန်းမာရေး ဝန်ထမ်းတွေဟာ ရောဂါကူးစက်ခံ ရနိုင်ခြေ ပိုများပါလိမ့်မယ်။ ဒါ့အ ပြင် အဲဒီအဆိုပြုချက်အရဆိုရင် ချမ်းသာတဲ့နိုင်ငံတွေက ကာကွယ် ဆေးတွေ ပိုပြီးရသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ချမ်းသာတဲ့ နိုင်ငံတွေမှာ ကျန်းမာရေးဝန်ထမ်း ပိုပြီးခန့်ထားနိုင်ကြလို့ပါ။ နောက် ပြီး အဲဒီနိုင်ငံတွေမှာ အသက်ပို ရှည်ကြတာကြောင့် (၆၅) နှစ်အ ထက် လူကြီးတွေ ပိုပြီးများပါ တယ်။ ဒါကြောင့်  နိုင်ငံက ချမ်း သာလေလေ ကျန်းမာရေးဝန် ထမ်းများလေလေ၊ အသက် (၆၅) နှစ်အထက် လူဦးရေ ပိုများ လေလေဖြစ်ပြီး ကာကွယ်ဆေး ပိုရလေလေ ဖြစ်သွားပါလိမ့်မယ်။ ဆင်းရဲတဲ့နိုင်ငံကတော့ နဂိုက တည်းက ဆင်းရဲလို့ ဆေးဝန်ထမ်း အင်အား မလုံလောက်ပါဘူးဆိုမှ ကာကွယ်ဆေးက လျော့ပြီးရမယ့် အနေအထား ဖြစ်ပါတယ်။  


ပြီးခဲ့တဲ့ လဆန်းပိုင်းကတော့ ပညာရှင် ၁၉ ဦးက စုပေါင်းပြီး Fair Priority Model ဆိုတဲ့ COVID-19 ကာကွယ်ဆေးဖြန့် ဝေရေးမူဘောင်တစ်ခုကို အဆို ပြုကြပြန်ပါတယ်။ သူတို့ရဲ့ အဆို ပြုချက်ကို ဆောင်းပါးရေးသားပြီး Science မဂ္ဂဇင်းမှာ An Ethical Framework for Global Vac-cine Allocation ခေါင်းစဉ်နဲ့ တင်ပြခဲ့ကြပါတယ်။ သူတို့အကြံ ပြုတဲ့မူဘောင်မှာတော့ ကာကွယ် ဆေးဖြန့်ဝေမှုကို အဆင့်သုံးဆင့် ကို ရည်ရွယ်ချက်သုံးမျိုးနဲ့ဆောင် ရွက်ဖို့ တင်ပြပါတယ်။ ပထမအ ဆင့်မှာတော့ COVID-19 ရဲ့တိုက်ရိုက်တိုက်ခိုက်မှုကြောင့်ဖြစ် စေ၊ သွယ်ဝိုက်ပြီးတိုက်ခိုက်မှု ကြောင့်ဖြစ်စေ အရွယ်မတိုင်မီ သေဆုံးရတဲ့နှုန်း၊ တစ်နည်းအား ဖြင့် ပျမ်းမျှလူ့သက်တမ်းမတိုင်မီသေဆုံးနှုန်း (Premature Death) ကို လျှော့ချဖို့ ရည်ရွယ် ထားတယ်လို့ဆိုပါတယ်။ ဒုတိယ အဆင့်မှာတော့ ရောဂါဒဏ်ကို ကျန်းမာရေးအရ အကာအကွယ် ပေးဖို့သာမကဘဲ စီးပွားရေး၊ လူမှု ရေးတွေအရ ထိခိုက်မှုကိုပါ လျှော့ချဖို့ ရည်ရွယ်ပါတယ်။ သဘောက စီးပွားရေးတွေ လုံးဝ ရပ်ဆိုင်းပြီး အလုပ်လက်မဲ့ဖြစ်နေ တာမျိုးကို ကုစားပေးနိုင်ဖို့၊  မလုပ်မဖြစ် စီးပွားရေးလုပ်ငန်း တွေ ပြန်လည်လည်ပတ်လာနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒုတိယအဆင့် ကို ဆောင်ရွက်ခြင်းဖြင့် လူတွေရဲ့ ကျန်းမာရေးတွေ ပြန်လည်တိုး တက် ကောင်းမွန်လာသလို အလုပ်လက်မဲ့နဲ့ ဆင်းရဲနွမ်းပါးမှု တို့ကို လျှော့ချနိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။ တတိယအဆင့်မှာ တော့ လူထုအကြားကူးစက်မှုတွေ ကို သိသိသာသာလျှော့ချပြီး နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား ကူးစက်တာမျိုး လျော့ကျသွားစေ ဖို့နဲ့ ကပ်ရောဂါကာလ ပိတ်ပင် တားဆီးမှုတွေ လျှော့ချပြီး လုပ် ငန်းတွေ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အဲဒီ ရည်ရွယ်ချက် တွေနဲ့ကိုက်ညီတဲ့ ကာကွယ်ဆေး ခွဲတမ်းတွေ တွက်ချက်ပြီး ချမှတ် ပေးဖို့ ပညာရှင် ၁၉ ယောက်က ပူးပေါင်းပြီး အဆိုပြုတာပါ။


သူတို့ရဲ့ Fair Priority Model မှာလည်း မေးစရာမေးခွန်း တွေတော့ရှိနေနိုင်တာပါပဲ။ ဥပ မာ နိုင်ငံတွေအနေနဲ့ လိုအပ်တဲ့ ကာကွယ်ဆေးပမာဏကို တွက် ချက်ပြီးပေးလိုက်ပေမယ့် အဲဒီ ပမာဏကို ထိထိရောက်ရောက် အသုံးပြုနိုင်တဲ့ အနေအထားရှိ ပါ့မလားဆိုတဲ့အချက်ပါ။ တချို့ က ဆေးရပေမယ့် သိုလှောင်ဖို့၊ သယ်ဆောင်ဖို့ကို မတတ်နိုင်တာ မျိုး ရှိနိုင်ပါတယ်။ တချို့နိုင်ငံ တွေမှာ ကာကွယ်ဆေးထိုးနှံပေး မယ့်ဝန်ထမ်း မလုံလောက်တာမျိုး ရှိနေနိုင်ပါတယ်။ နောက်တစ်ခုက ဒီနည်းလမ်းကို အသုံးပြုတဲ့အခါ ကာကွယ်ဆေးမရခင် ရောဂါကို ကြိုးကြိုးစားစား ထိန်းချုပ်လို့ သေနှုန်းနည်းတဲ့ တိုင်းပြည်တွေက ကာကွယ်ဆေးနည်းနည်းပဲရပြီး ရောဂါကိုမထိန်းချုပ်ဘဲ ပစ်ထား လို့ သေနှုန်းများတဲ့ တိုင်းပြည်က ကာကွယ်ဆေးများများရသွားမှာ ဖြစ်ပါတယ်။ ဒါကလည်း မတရား ဘူးလို့ ဆိုရမှာပါ။


ဒါကတော့ ကမ္ဘာ့နိုင်ငံတွေ အကြား ကာကွယ်ဆေးဖြန့်ဝေရေး အတွက် မတူညီတဲ့အစီအစဉ် တွေ အဆိုပြုနေကြပြီး အစီအစဉ် တိုင်းမှာ အားသာချက်၊ အားနည်း ချက်တွေ ရှိနေတယ်ဆိုတာကို မြင်သာအောင် ဥပမာအချို့ ထုတ်နုတ်တင်ပြခဲ့တာပါ။ အခြား သော ကမ္ဘာလုံးဆိုင်ရာ ကာကွယ် ဆေးဖြန့်ဝေရေး အစီအစဉ်တွေ ရှိနေနိုင်ပါသေးတယ်။ ဒါ့အပြင်နိုင်ငံတစ်နိုင်ငံချင်းအလိုက်လည်း အဲဒီလို မူဘောင်တွေ ချမှတ်ကြ မှာပါပဲ။


ဘယ်သူတွေက ကာကွယ် ဆေး အရင်ဆုံးရသင့်သလဲဆို တာနဲ့ပတ်သက်ပြီး ဥပမာအဖြစ် တင်ပြခဲ့တဲ့ မူဘောင်တွေကို အခြေခံပြီး စိတ်ကူးနဲ့ပဲ မြန်မာနိုင် ငံထဲမှာ ကာကွယ်ဆေး ဖြန့်ဝေ ကြည့်ကြပါဦး။ အခက်အခဲတွေ၊ ပြဿနာတွေ သေချာပေါက်ကြုံ တွေ့ရမယ်ဆိုတာ တွေးမိပါလိမ့် မယ်။ ဆိုကြပါစို့။ အသက် (၆၅) နှစ်အထက် မြန်မာနိုင်ငံသား အားလုံးကို ကာကွယ်ဆေးပေး မယ်လို့ စဉ်းစားကြည့်ရအောင်ပါ။ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ ဒေသက အသက် (၆၅) နှစ်အ ထက် နိုင်ငံသားတွေကို ဘယ်လို ကာကွယ်ဆေးပေးမှာလဲ ဆိုတဲ့ ပြဿနာက စတက်လာပါတော့ မယ်။ အဲဒီကနေစပြီး တိုင်းရင်း သားအရေး၊ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ် ငန်းစဉ်တွေအထိ သက်ရောက်မှု တွေ ရှိလာနိုင်ပါတယ်။ (ဒါက မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အခြေ အနေအပေါ်က ဖြစ်လာနိုင်တဲ့ မညီမျှမှုနဲ့ အကျိုးဆက်တွေများ စွာထဲက ဥပမာတစ်ခုပါ။ အခြား ပြဿနာတွေ အများကြီးရှိနိုင်ပါ သေးတယ်။)


အချုပ်ကတော့ ကာကွယ် ဆေးဖြန့်ဝေရေး နည်းလမ်းတိုင်း မှာ အားသာချက်၊ အားနည်းချက် တွေရှိပြီး၊ အဲဒီကနေ လူမှုပဋိ ပက္ခ၊ နိုင်ငံရေးပဋိပက္ခတွေအထိ ဦးတည်နိုင်တယ်။ ဒီလို ပဋိပက္ခ မဖြစ်ရအောင် ကြိုတင်စဉ်းစား ထားကြသင့်တယ်။ အသိပညာ ပေးထားသင့်တယ်ဆိုတဲ့အချက် ပါပဲ။ ရရှိလာတဲ့ ကာကွယ်ဆေး တွေကို ဘယ်သူတွေကို အရင်ဆုံး ထိုးနှံပေးမလဲဆိုတာကို ကျန်းမာ ရေးပညာရှင်တွေ၊ အာဏာပိုင် တွေက ဆုံးဖြတ်ပါလိမ့်မယ်။ ဘာကြောင့် ဘယ်သူတွေကို အရင်ဆုံး ထိုးနှံပေးရသလဲဆိုတာ ကိုတော့ သက်ဆိုင်ရာတာဝန်ရှိ သူတွေနဲ့ သတင်းမီဒီယာတွေက ပြည်သူကို အသိပညာပေးဖို့လို ပါတယ်။



ကိုးကားချက်


၁။“An ethical framework for global vaccine allocation” by Ezekiel J. Emanuel et al (Science: Vol 369, Issue 6509, 11 September 2020)


၂။“Coronavirus: Who would get the vaccine first?” by Dominic Bailey (BBC News: 11 September 2020)


၃။ “WHO sets out vaccines allocation plan” by Ashliegh Furlong (Politico: 23 June 2020)


၄။“How to decide who should get a COVID-19 vaccine first” by Jim Daley (Scientific American: 3 September 2020)


(ဆောင်းပါးရှင် ခိုင်ကြည်သစ် သည် နိုင်ငံရေး၊ ကျန်းမာရေးနှင့် မျက်မှောက်ရေးရာ ဆောင်းပါး များ ရေးသားနေသူဖြစ်သည်။)


https://7day.news/detail?id=199815



Post a Comment

0 Comments