မိတ်ဆွေကောင်းဆိုတာ

 မိတ်ဆွေဆိုတာ အမြင်ချင်း တူတဲ့သူတွေချည် ပေါင်းချင်တယ်ဆိုရင် ခုနေကတည်းက လမ်းခွဲလိုက်ပါ


အမြင်မတူတဲ့သူတွေလည်းရှိမယ် အမြင်တူတဲ့လူတွေလည်းပါချင်ပါမယ်


မတူကွဲပြားတဲ့အတွေးမြင်တွေကို အဘက်ဘက်က ပေါင်းစုဆင်ခြင်သုံးသပ်ပါမှ ပိုမိုကောင်းမွန်တဲ့ အတွေခေါ်ကောင်းတွေကို ဖော်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။


အမြင်တူတဲ့အခါလည်းရှိမယ် မတူတဲ့အခါလည်းရှိမယ်

အမြဲတန်းတော့အတွေးမြင်တွေ တူညီမနေကြပါဘူး 


အမြင်တူနေတုန်းတော့ ချစ်လှပါချည်ရဲ့ ခင်လှပါချည်ရဲ့နဲ့ အမြင်မတူတဲ့အခါလည်းကျရော ရန်သူဖြစ်သွားကြရော 


အဲ့ဒီလိုမိတ်ဆွေမျိုး အဲ့ဒီလိုခင်တဲ့သူမျိုးကို မလိုချင်ပါဘူး ဘာဖြစ်လို့လည်းဆိုတော့ တစ်နေ့နေ့ ရန်သူတွေဖြစ်လာနိုင်လို့ပါပဲ ကိုယ်ဟာ ရန်သူမလိုချင်ဘူး မိတ်ဆွေပဲလိုချင်တယ်


ကိုယ့်ဘက်ကတော့ အမြင်မတူတာလေးတစ်ခုတည်းနဲ့ မိတ်ဆွေတစ်ယောက် မဆုံးရှုံးချင်ဘူး

မိတ်ဆွေတစ်ယောက်လျော့သွားတိုင်း လျော့သွားတိုင်း ကိုယ့်ရဲ့ကမ္ဘာက ကျည်းကျည်းသွားတယ် 

ကိုယ့်ပိုင်တဲ့ကိုယ့်ကမ္ဘာဟာ ကျည်းလွန်းနေတယ်ဆိုရင် အဆင်မပြေဘူး ကျယ်သထက်ကျယ်မှ ပိုပျော်စရာကောင်းတယ်


ကိုယ့်ရဲ့အတွေးခေါ်အယူဆ အတွေးမြင်တွေဟာလည်း အမြဲတန်းတော့ မမှန်ကန်နိုင်ပါဘူး မှန်တဲ့အခါရှိသလို မှားတဲ့အခါလည်း ရှိနိုင်ပါတယ်။


မှားတဲ့အခါမျိုးမှာ ကြောင်းကျိုး ပြ၍ မိတ်ဆွေကောင်းပီပီ လမ်းညွှန်ပေးသင့်တယ် အထောက်ထားခိုင်လုံစွာနဲ့ အမှားကို ထောက်ပြပေးသင့်တယ်


အမှားကို ထောက်ပြတယ်ဆိုတဲ့နေရာမှာလဲ မိတ်ဆွေလိုသဘောထားပြီး ထောက်ပြတာနဲ့ ရန်သူလိုသဘောထားပြီးထောက်ပြတာဆိုပြီ ၂မျိုးရှိပါတယ်


ရန်သူလိုထောက်ပြတာမျိုးက မှားကွတ်ကိုစောင့်နေပြီ မှားတဲ့အခါ အားရဝမ်းသာ နှိပ့်ချပြောဆိုထောက်ပြတာမျိုးက မိတ်ဆွေသဘောထားမဟုတ်ဘဲ ရန်သူလိုသဘောထားသာဖြစ်ပါတယ်။ 


မိတ်ဆွေလိုသဘောထားပြီး အမှားကို ကြောင်းကျိုခိုင်လုံစွာနဲ့ ပြုပြင်စေချင်လို့ အကျိုးလိုလားတဲ့စိတ်နဲ့ ထောက်ပြတာကျတော့ ရန်လိုတဲ့စကားမပါဘူး နှိပ့်ချတဲ့စကားလုံးမပါဘူး 


အမှားထောက်ပြတိုင်းလည်း ကျေးဇူးတင်ရမှာမဟုတ်ပါဘူး


သို့သော်လည်းမိတ်ဆွေလိုသဘောထားနဲ့ ထောက်ပြမယ်ဆိုရင်တော့ ကျေးဇူးတင်ဝမ်းမြောက်ရမှာပါ။ 


အမှားကို မှားနေတာသိရက်နဲ့ ကြည့်နေပြီ ဖြစ်ချင်တာဖြစ် လွှတ်ထားပေးမယ်ဆိုရင်လည်း မိတ်ဆွေကောင်းမဖြစ်နိုင်ပြန်ပါဘူး 


ကိုယ်လိုချင်တာ မိတ်ဆွေကောင်းပဲလိုချင်ပါတယ်။

အမှားတွေ့ရင် မထောက်ပြပဲမနေပါနဲ့ အကျိုးလိုလားတဲ့စိတ်နဲ့ ကြောင်းကျိုးခိုင်လုံစွာနဲ့ ထောက်ပြပါ ပြင်တာမပြင်တာက ကိုယ့်အကြောင်းပါ


လမ်းညွှန်ပေးရမှာက မိတ်ဆွေကောင်းတို့ရဲ့အလုပ်ပါ

ကိုယ့်အလုပ်သာကိုယ်လုပ်ကြပါ 


တဖက်သူရဲ့အတွေးမြင်တွေကို အတင်းပြောင်းလဲဖို့မကျိုးစားပါနဲ့....

အသိဥာဏ်မရင့်ကျတ်သေးဘူးလို့ပဲ သဘောထားပေးပါ.....



ကိုယ့်လည်းအသိဉာဏ် သိပ့်မရင့်ကျတ်သေးတဲ့အခါများရှိခဲ့ရင် နားလည်ပေးပါ....


ကျေးဇူးတင်ပါတယ်


Thet Tant Kyaw (ဧရာဝတီ)

8.10.2020






Post a Comment

0 Comments