#ဆရာသက်သင်္ခ၏_မြန်မာနိုင်ငံအတွက်_တိကျမှန်ကန်သော_အထူးဟောကိန်း
ဗေဒင်ကိန်းခန်းတွေအရ ၂၀၂၀ဆိုတာ နှစ်စုံထဲကျရောက်နေပါတယ်။
စုံလိုက်ပုံံများအရေအတွက်နဲ့ ပေါင်းခြင်းတွေကလည်း စုံတေချည်းပါပဲ။
တော်တော်ကျပ်တည်း ကြမဲ့နှစ်တွေပေါဗျာ
ဒီကာလလေးအတွင်းမှာ ရုတ်ရုတ်မလှုပ်နဲ့ အကုန်မြုပ်မဲ့နှစ်ပဲ။ အတက်နိုင်ဆုံးမလှုပ်ပဲ အိမ်ထဲမှာသာ ငြိမ်နေရင်ပိုလို့အကျိုးရှိမဲ့ နှစ်တွေပေါ့ဗျာ
အဲ့.....အိမ်ထဲမှာပျင်းလို့ ktvကိုသွားပြီအသံကောင်းဟစ်မယ် မကြံလိုက်လေနဲ့ နောက်ပိုင်း ဓမ္မစက်ြာအသံပါ ပါလာနိုင်တဲ့နှစ်ကြပ်ကြီးပေါ့ဗျာ
အောင့်နိုင်ရင်အကျိုးရှိ စောင့်နိုင်ရင် သူခိုးမိဆိုသလိုပေါ့
အေ....မိန်မတောင်သွားမယူလိုက်လေနဲ့ စာချုပ်ဖိုးတောင်ကျေမယ့်နှစ်မဟုတ်ဘူး ကျေချင်ရင်လွယ်ပါတယ်ဗျာ ယတရာပေါ့ စာချုပ်ကို ဆွဲစုလုံးပြီ လွှင့်ပစ်လိုက် ပီးရင် ပြန်ကောက်ပြီအော် စာချုပ်ကျေပြီလို့😁😁😁
နောက်တာပါဗျာ
မိန်မယူတာအသာထားဦး စိတ်ညစ်တယ်ဆိုပြီ ဒီနှစ်ထဲမှာသက်သေမယ်မကျန်နဲ့
သေတာတောင်လူစည်မဲ့နှစ်မဟုတ်ဘူးဗျ
သွားမလုပ်ပါနဲ့ဗျာ ကျန်ခဲ့တဲ့လူတွေလည်းမုန်းဟင်းခါးမစားရ ဖဲမရိုက်ရနဲ့ တော်တော်မကောင်းတဲ့နှစ်ပါဗျာ 😁😁
အဲ့......လာပါပြီ
၂၀၂၁မှာတော့ မဂဏန်းကျမယ်ဗျ ပေါင်းချင်းလည်းမပါပဲ တော်တော်ကံထလာမယ်နှစ်တွေလို့ ခန့်မှန်းရတယ်ပေါ့ဗျာ
ဘယ်လောက်ကံထလာမယ်မမေးနဲ့ ၂၀၂၀မှာရှိနေတဲ့လူအားလုံးဟာ ကိုကံကောင်းမကံကောင်းတွေပေါ့ဗျာ
ပြည်သူတွေပဲကံကောင်းမှာလား
မဟုတ်ပါဘူး
အစိုးရတောင် ဘုန်းကံကြီးမားပြီး ကံအလွန်ကောင်းတဲ့အစိုးရတက်လာမှာပါ ယုံကြည်ထားလိုက်ပါဗျာ အလွန်ကံထူးတဲ့ အစိုးရကောင်းတစ်ရပ် ပေါ်ပေါက်လာမှာလို့ ရဲရဲကြီးအာမခံပါတယ်ဗျာ
နာမည်တောင်တစ်ခါဘူးမှ ဘယ်တုန်းကမှမကြားဘူးတဲ့နာမည်နဲ့ ထူးဆန်းအံသြဖွယ်ရာနာမည်နဲ့ ပေါ်ပေါက်လာမယ့်အစိုးရကောင်းတစ်ရပ်ပေါ့ဗျာ
သိချင်နေရှာရောပေါ့ ပြောပါ့မယ် ကိုဗစ်အစိုးရဆိုတဲ့နာမည်နဲ့တက်လာမှာပါ။
ကိုဗစ်အစိုးရကို ရွေးချယ်မှာက ကိုဗစ်ကာလမှာ ကျင်းပမယ့် ကိုဗစ်ဘေးဒဏ်သင့်ခံရတဲ့ ကိုဗစ်ပြည်သူတွေက ရွေးချယ်မှာပါ။
ဂြိဟ်သွားဂြိုဟ်လာတွေအရ
အောက်တိုဘာလ ပထမအပတ်မှာပဲ မြန်မာတစ်နိုင်ငံလုံး ရွေးကောက်ပွဲကြီး ကျင်းပလာနိုင်ပါတယ်။
ပါတီအောင်နိုင်ရေးအတွက်ဆို မဲဆွယ်သူတွေကလည်း အရေပေါ်ခန်းကလူနာကိုဆွဲချပြီး မဲရုံဆီအရောက်ပို့ကာ မဲတစ်ပြားရအောင်ကြံဆောင်မည်လို့ ထင်ရလောက်အောင် အုပ်အုပ်သဲသဲ ရုတ်ရုတ်သဲသဲနဲ့ အားတက်သရောမြင်တွေရတော့မှာပါဗျာ
အဲ့ဒိဘုန်းကံကြီးမားတဲ့ ကိုဗစ်အစိုးရကောင်းတစ်ရပ် ပေါ်ပေါက်ရေးအတွက် မဲရုံတွေမှာ စေတနာသဒ္ဒါတရား အလွန့်အလွန်ထက်သန်စွာဖြင့် လုပ်အားပေးလာကြမှာကတော့ အသက်အပိုပါတယ်လို့ထင်ရတဲ့ ကိုဗစ်ပြည်သူတွေထဲကပဲရွေးချယ်ပြီး မဲရုံအသီးသီးမှာတာဝန်ထမ်းဆောင်ကြရတော့မှာပဲဖြစ်သည့်အကြောင်း အထူးသတင်းကောင်းပါးလိုက်ရပါတယ်။
ကဲ့.....တစ်ဆက်တည်းမှာပဲ ကိန်းခန်းတွေအရကတော့ မဲကိစ္စအပြီးမှာ မဲရုံမှူးတွေဟာ ကိုယ့်စရိတ်ကိုယ်စားပြီး ၁၄ရက်လောက်သီးသန့်ဆောင်မှာ သွားအနားယူအပန်းဖြေဖို့ညွှန်ကြားခံရရင်တော့ နှစ်မကူးခင် ကံလည်းထူးသွားစေနိုင်ပါကြောင်း
ဆရာရေ.......
၂၀၂၁မှာ ရှိနေတဲ့ ပြည်သူတွေဟာ ဘာလို့ကံအထူးကောင်းကြမှာပါလဲလို့မေးပါဦး။
ကိုဗစ်နဲ့မသေပဲ ကျန်ရှိနေခဲ့တဲ့ ပြည်သူတွေမို့လို့ပါပဲခင်ဗျာ။
အဲ့.....
၂၀၂၀မှာနဲ့ ကိစ္စပြတ်သွားရင်တော့ ကံကောင်းသူစာရင်းထဲမပါပဲ အုပ်ဂူတောင် ကဗျည်းမထိုလိုက်ရပဲ ဖြစ်သွားရမှာပါ။
ဆရာရေ.....
ကံကောင်းသူစာရင်းထဲပါချင်လို့ ယတရာလေးပေးပါဆိုရင် အထူးယတရာအဖြစ် အိမ်မှာနေပါ လက်ဆေးပါ အပြင်ထွက်ရင်မက်တပ်ပါ လူစုလူဝေးရှောင်ပါ ကျန်းမာရေးဌာနရဲ့ညွှန်ကြားချက်အတိုင်း တိတိကျကျလိုက်နာပါ ဆိုတဲ့ယတရာလေး ပေးလိုက်ပရစေ။ ကံကောင်းသူစာရင်းထဲ ပါလိုရင် လုပ်ဖြစ်အောင်လုပ်ပါလို့လည်း ထပ်မံတိုက်တွန်းလိုက်ပရစေ။
၂၀၂၁ရောက်တာနဲ့ အစိုးရက ဘာလို့များ ဘုန်းကံချက်ချင်းကြီးကြီးမားရတာလည်း တောထဲဆင်ဖြူးဖမ်းမိမှာမို့လား စက်ြာရတနာ ဆိုက်ရောက်မှာမို့လားလို့ မေးလာခဲ့ရင်တော့
ဆင်လည်းစာကျတ်ပျောက်ကာ နေရစရာတောင်မရှိကတဲ့အထဲ ဘယ်ကဆင်ဖြူကဖမ်းမိရမှာလည်းဗျား
စက်ြာရတနာရောက်မှာတော့မဟုတ်ပါဘူး
ရွှေဖောရိုးနဲ့ရိုက်ပါလို့ခိုင်းတာကို ဝါးရင်းတုတ်နဲ့ရိုက်သက်မယ့်လူလက်ထဲ ကြိမ်စက်ြာသာရောက်ရင်ရောက်လာမယ် စက်ြာရတနာတော့မမျော်လင့်ကြပါနဲ့ပေါ့ဗျာ
ကံကောင်းတယ်ဆိုတာကလည်း ကိုယ်လုပ်လာခဲ့တဲ့ ကောင်းကျိုးဆိုးကျိုးတွေနဲ့လည်း သက်ဆိုင်တာပေါ့ဗျာ
၂၀၂၀မှာ လုပ်လာခဲ့တဲ့ ပါတီအောင်နိုင်ရေးလှူပ်ရှားမှုတွေ လူစုလူဝေများစွာနဲ့ အောင်နိုင်ရေးလှည့်လည်တာတွေ တစ်အိမ်တစ်ဆင့် မဲဆွယ်တရားဟောတာတွေကနေ ကိုဗစ်ကူးစပ်ခံရပြီ အက်ဆီးဒင်ဖြစ်ပြီးစကားများရန်ဖြစ်ပြီး သေဆုံးခဲ့ရင်တော့ ကံကောင်းသူစာရင်းထဲမပါဝင်ပဲ သေဆုံးသူစာရင်းထဲသာရောက်သွားနိုင်တာပေါ့ဗျာ။
အဲ့.......့၂၀၂၁ကျရင်တော မသေလို့ကျန်ရှိတဲ့ အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့ ကိုဗစ်အစိုးရ ပေါ်ပေါက်လာပြီပေါ့ဗျာ
ေအ......ဒါပေမဲ့ သက်ပြင်းအစိုးရလို့လည်း နာမည်တွင်သွားနိုင်ပါကြောင်းပါခင်ဗျာ။
အဲ့ ၂၀၂၁ကိုဗစ်အစိုးရ တနည်းသက်ပြင်းအစိုးရ စာရင်းထဲပါချင်ရင်တော့ ပါတီတွေအတွက် အမတ်လောင်းတွေအတွက် အထူးယတရာအနေဖြင့်
ကိုဗစ်ကာလအတွင်း ေဒါသတွေ ရန်ညှိုးတွေ အမုန်းတွေ မများပါနဲ့
အခြေနေအချိန်ခါကိုနားလည်ပါ လူစုလူဝေးတွေ အောင်နိုင်ရေးလှည့်လည်တာမျိုးတွေ အင်အားပြတာမျိုးတွေ အထူးရှောင်ပါ မဲဆွယ်ပွဲတွေလုံးဝမလုပ်ပါလေနှင့် အတင်းများ အချင်းများတာတွေလည်းလျော့ပါ
ပြည်သူကိုကူညီပြီး အပြည့်အဝစောင့်ရှောက်ရင်း ကံကောင်းတဲ့ ဘုန်းကံကြီးမားတဲ့ အစိုးရကောင်းစားရင်းထဲတွင် ကိုယ်ပါဝင်မှာဖြစ်ကြောင်း မေတ္တာနဲ့ ယတရာကောင်းပေးကာ ထပ်လောင်း ဟောကိန်းထုတ်လိုက်ရပါကြောင်း
မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး လိုအင်ဆန္ဒများပြည့်ဝကာ ကျန်မာချမ်းသာကြပါစေကြောင်း ဆုမွန့်ကောင်းများ တောင်းလိုက်ရပါတော့သည်။
#ဆရာသက်သင်္ခ (လက်ဗလာနှင့်အာရှီးပညာရှင်)
#TTK_ဧရာဝတီ
သာသနာနှစ် ၂၅၆၄ခု
ကောဇာသက္ကရာဇ် ၁၃၈၂ခု
တောသလင်းလဆန်း ၁၀ရက်
2020ခုနှစ် စက်တင်ဘာလ၏တတိယပတ် အထူးဟောကိန်း
(အထူးမှတ်ချက်။ ...။ကော်ပီကူးယူခွင့်မပြု လွတ်လပ်စွာShare နိုင်ပါကြောင်း)
Pho:Crd
0 Comments