နိုင်ငံရေးကိုလုပ်ပါ ဘာသာ သာသနာနဲ့ လူမျိုးနိုင်ငံကို မစော်ကားပါနဲ့
နိုင်ငံရေးကိုပြောပါ တနည်း နိုင်ငံတိုးတက်ရေးကိုရှေ့ရှု၍သာပြောပါ
သို့သော် တစ်ဖက်သားကိုအပြစ်ပြော မပုတ်ခက်ပါလေနှင့်
ကိုယ့်ပါတီကောင်းကြောင်းကိုသာပြော၍မဲဆွယ်ပါ
သူတစ်ပါးပါတီကို အပြစ်ပြော၍ မဲမဆွယ်ပါလေနဲ့
လွတ်လပ်စွာ အင်အားပြပါ
သို့သော် အခြေနေနဲ့အချိန်ခါကိုလည်း နားလည်ပါ
ကိုယ့်ကြိုက်နှစ်သက်ရာပါတီကို ယုံကြည်ထောက်ခံအားပေးပါ
သို့သော် သူတစ်ပါးယုံကြည်မှုကိုလည်း အပြစ်မပြော မရိုက်ချိုး မဖျတ်စီးပါလေနဲ့
ဘာသာသာသနာရေးကို အားပေးပါ
အာဏာရရေးအတွက် ခုတုံးမလုပ်ပါနဲ့ ချမနင်းပါနဲ့
ကိုယ့်ရဲ့ အပြောဆို အပြုမူကြောင့် ကိုယ့်ခေါင်းဆောင်၊ ကိုယ့်ပါတီ ပုံရိပ်နဲ့ သိက္ခာ မကျဆင်းပါစေနဲ့
လွတ်လပ်စွာသဘောထားကွဲလွဲပါ သို့သော်
သွေးမကွဲပါစေနဲ့
မင်းကဘာကောင်မို့ ဒီစကားတွေပြောတာလည်းလို့ မေးမယ်ကြံရင်
ငါကရော ဘာကောင်လည်းဆိုတာကို ပြန်မေးပါ။
Thet Tant Kyaw (ဧရာဝတီ)
0 Comments