ဟိုနားကဆူဆူညံ ဘာသံလည်းမေး......
ကိုဗစ်ကာလမဲဆွယ်ပွဲမို့ စည်ကားတယ်လေး........
ပိုးကူးလို့ဘယ်သူနဲ့ ထိတွေ့လည်းမေး ........
မဲဆွယ်ပွဲလျှောက်လိုက်ကြလို့ ကူးတယ်တဲ့လေး.........
ထိတွေ့မှုရာဇဝင် လိုက်ကာသူမေး.....
ပါတီတွေ ကျူသွင်းထားမှ စိတ်အေးမယ်လေး......
ဟို့ရှေးနားကားမှောက်ပြန် ဘယ်သူတွေလည်းမေး.....
မဲဆွယ်ပွဲယဥ်တန်းမှောက်လို့ ဆေးရုံရောက်သေး...........
ဟိုရွာကဆူဆူညံ ဘာသံလည်းမေး......
ဟွန်းလေးလုံး ဘောက်၅လုံးနဲ့ အသာကုန် ဖွင့်ကာလော်လို့ ပွဲကြမ်းပြီလေး......
စစ်မှန်တဲ့ဥပဒေဟာ ဘယ်မှာလည်းမေး......
စာအုပ်စိမ်းပြင်ကာရေးမှ ရမယ်တဲ့လေး.........
ရွေးကောက်ပွဲနီးလာပြန် ပိုညံတယ်လေး.......
ပါတီတွေအပြိုင်ဆဲလို မဲဆွယ်ကြသေး..........
ဧရာဝတီဒီလှိုင်း
5.10.2020
0 Comments