Covid-19ကာကွယ်ဖို့ လူတော်တော်များများမေ့နေတဲ့အချက်။ ။
...............................................................
...............................................................
အခုတလောCOVID second waveရဲ့ထိခိုက်
မှုတွေပိုမိုတွေ့ ရှိလာတာနဲ့အမျှ လူတော်တော်များများ
ရဲ့စိုးရိမ်မှုတွေမြင့်တက်လာတာတွေ့ လာရပါတယ်။အထူးသဖြင့် အသက်အရွယ်ကြီးတဲ့လူတွေရဲ့စိုးရိမ်မှုတွေကပိုမိုဆိုးရွားပြီး စိတ်ပိုင်ဆိုင်ရာပြဿနာမျိုးတွေပါတွေ့ရပါတယ်။ Kပြောချင်တာကတော့ ရောဂါကာကွယ်ဖို့ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုတွေလုပ်ဖို့လိုအပ်သလို
စိတ်ပိုင်းဆိုင်ရာကာကွယ်မှုတွေလုပ်ဖို့မေ့လို့မရပါဘူး။
မဟုတ်ရင်တော့ ရောဂါကြောင့်မဟုတ်ပဲ စိတ်ကြောင့်
ကျန်းမာရေးထိခိုက်လာနိုင်သလို တကယ်လို့ ရောဂါဖြစ်လာခဲ့တဲ့တိုင် စိတ်ကြောင့် မလိုအပ်ပဲ ဒုက္ခပိုရောက်
နိုင်ပါလိမ့်မယ်။'စိတ်ကြောင့်ကြေ'ဆိုတဲ့ကို Kတို့မေ့
ထားလို့ရပါဘူး...
အဲ့တော့စိတ်ကိုဘယ်လိုပြင်ဆင်ပြီး ရောဂါကာကွယ်
ကြမလည်း......
(၁)တိကျတဲ့သတင်းအရင်းအမြစ်က အချက်အလက်
ကိုပဲနားထောင်ပါ။
အဓိကအရေးကြီးဆုံးအချက်ပါနော်။WHOတို့
လို၊ပြည်တွင်းကျန်းမာရေးဌာတို့က ထုတ်ပြန်တဲ့သတင်း
အချက်လက်ကလွဲပြီး ကျန်တာတွေကိုနားမထောင်ပါနဲ့
အခြေအမြစ်မရှိတဲ့ သတင်းတွေနားထောင်ပြီးပိုအတွေး
အကြောက်လွန်ခြင်းက စိတ်ကျန်းမာရေးကိုပိုထိခိုက်စေတတ်ပါတယ်။
(၂)Facebookကိုလျော့သုံးပါ။
အခုလိုstay at homeကာလမှာfacebookပိုသုံးကြမှာပါ။Facebook သုံးတာ
များလေလေ Facebook account တွေကတင်
သမျှ ဟုတ်မှန်း မဟုတ်မှန်းမသိတဲ့ သတင်းတွေပိုဖတ်မိလေလေပါပဲ။သတင်းအရင်းအမြစ်မသေချာပဲတင်
တဲ့သတင်းတွေကို ဘုမသိဘမသိShareရင်း ဖောင်း
ပွသွားပြီးဖတ်မိတဲ့သူတွေသွေးတက်နေကြတာတပုံကြီး
ပါ။
(၃)Facebook အစားထိုးဖျော်ဖြေရေးအစီစဉ်တွေနဲ့
Stay at Homeလုပ်ပါ။
ဥပမာ..စာအုပ်ဖတ်တာ(ဗဟုသုတလည်းရ၊ရောဂါ
လည်းအတန်အသင့်မေ့)၊Videoတွေကြည့်တာ(ရုံးတက်နေရရင်တောင် သိပ်အချိန်မပေးနိုင်လို့ မကြည့်ဖြစ်တဲ့ ကားတွေပုံနေမှာပဲလေ)၊အိမ်မှုကိစ္စတွေ၊ဝါသနာပါတဲ့လေ့လာမှုအသစ်လေးတွေ အစားထိုးပြီး စိတ်တည်
ငြိမ်မှုလေးတွေယူပြီး စိတ်ကိုကျန်းမာအောင် ထားပါ။
(၄)စကားပြောပါ။
Onlineကနေသူငယ်ချင်းအချင်းချင်း video
callခေါ်ပြီးပဲဖြစ်ဖြစ်၊မိသားစုတွေ အချိန်ပိုတွေ့ရတဲ့
stay homeကာလမှာ နွေးနွေးထွေးထွေး စကား
ပြောကြပါ။ အထူးသဖြင့် လူကြီးတွေကို စကားပြော
ခိုင်းပါ။ အရင်ကသူတို့အကြောင်းပဲဖြစ်ဖြစ်၊သူတို့စိတ်
ချမ်းသာတာ ပြောပါစေ၊ နာထောင်ပေးလိုက်ပါ။ လူကြီး
တွေက ခုချိန်စိတ်စိုးရိမ်မှုပိုများတတ်တာဖြစ်လို့ ရောဂါ
အကြောင်းမတွေးမိအောင် သူတို့နဲ့အဖော်လုပ်ပြီး ရှေး
ဟောင်းနှောင်းဖြစ်တွေပြောခိုင်းပြီး စိတ်ကျန်းမာရေးကိုရယူနိုင်ပါစေ။
(၅)ကိုယ့်ကိုကိုယ်နဲ့မိသားစုစောင့်ရှောက်မှုတွေလုပ်ပါ။
အိပ်ရေးဝဝ အိမ်တာမျိုး၊အားကစားလုပ်တာမျိုး၊
အဟာရရှိတဲ့အစားစာစားတာမျိုးတွေလုပ်ပါ။လန်းလန်း
ဆန်းဆန်းရှိနေခြင်းက အတွေးခေါ်ကောင်းတွေပိုတွေး
နိုင်မှာဖြစ်ပါတယ်။စိတ်အဟာရဖြစ်ခြင်းကနေ အရာရာ
အကောင်းမြင်စိတ်ဖြစ်ပေါ်နိုင်ပါတယ်။အဲ့လိုအရာရာ
ပေါ်အကောင်းမြင်စိတ်ကလည်း ရောဂါနဲ့ပတ်သတ်တဲ့
ကြောင်ရွံ့စိုးရိမ်မှုတွေကိုဖယ်ရှားနိုင်ပါတယ်။
(၆)လူအချင်းချင်းထံမှ ကြောက်ရွံ့မှုဖယ်ရှားပါ။
အခုဘာဖြစ်နေလည်းဆိုတော့ ဟိုလူရောဂါရှိ
နိုး ဒီလူရောဂါရှိနိုးဖြစ်နေပြီး ငါ့များကူးတော့မလားဆိုတဲ့သံသယစိတ်လျော့ချဖို့လိုပါတယ်။ သံသယစိတ်က
ကြောက်ရွံမှုပိုဖြစ်စေသလို စိတ်ကျန်းမာရေးကိုအကြီး
အကျယ်ကျဆင်းစေပါတယ်။ တစ်ဦးနဲ့တစ်ဦး မဖြစ်မ
နေထိတွေလရတဲ့အခါ ကျန်းမာရေးဌာနကညွှန်ကြား
ချက်အတိုင်း maskတပ်ခြင်း၊social distancing ထားခြင်း၊ လက်ဆေးခြင်းတွေစတဲ့
စနစ်တကျကာကွယ်မှုတွေ ရှိရင်လုံလောက်ပါပြီလူသား
ချင်းကိုယ်ထင်းစာစိတ်နဲ့ဆက်ဆံပြီး ကိုယ်တိုင်ရော တ
ဖက်လူရဲ့စိတ်ကျန်မာရေးကိုပါမြှင့်တင်ပေးပါ။
(၇)အလွန်အကျူးတွေမလုပ်ပါနဲ့၊မခံစားပါနဲ့။
ကိုယ့်အနီးပတ်ဝန်းကျင်မှာ လူနာတွေ့ခဲ့သည်ရှိ
ခဲ့သော်သူ့ကြောင့်ငါတို့တော့ကူးတော့မှာပဲဆိုပြီးအပြစ်တင်တာတွေ၊ စိုးရိမ်တာ၊အကြောင်လွန်တာမဖြစ်ပါနဲ့။
ဘယ်သူမှရောဂါမကူးချင်ကြသလို သူ့မိသားစုနေရာက
နေကိုယ်ချင်းစာပြီးအားပေးပါ။သူဖြစ်တိုင်းလည်းသင်
ဖြစ်မှာမဟုတ်လို့ကြောက်လန့်ပြီးစိတ္တဇ ဖြစ်မနေပဲ
ကျန်းမာရေးကိုပုံမှန်လေးဂရုစိုက်ပါ။
(၈)အကောင်းမြင်စိတ်နဲ့ အရာရာကိုအရင်တွေးပါ။
အကယ်၍ရောဂါဖြစ်ခဲ့ရင်တောင်ကျော်ဖြတ်နိုင်ခဲ့
တဲ့လူတွေရှိနေတာဖြစ်လို့ ငါလည်းရအောင်ကျော်ဖြတ်
နိုင်မဲ့ဆိုတဲ့အတွေးထားပါ။ စိတ်ကိုလျော့ထားပြီး ကျန်း
မာရေးဝန်ထမ်းတွေရဲ့လမ်းညွှန်မှုတွေကိုအတိအကျ
လိုက်နာပြီး ကျော်ဖြတ်ပါ။စိတ်ကအရာရာကို ဦးဆောင်
နိုင်တာမလို့ စိတ်ဓာတ်ကြံ့ခိုင်အောင်နေပါ။
(၉)ဘာသာရေးလုပ်ပါ။
ကိုးကွယ်ယုံကြည့်ရာဘာသာရေးလုပ်ပါ။တရား
ထိုင်တာမျိုးလို စိတ်အေးချမ်း တည်ငြိမ်နိုင်တာမျိုးတွေလုပ်ပြီးစိတ်အဟာရဖြည့်ပါ။
'စိတ်ထောင်းရင် ကိုယ်ကြေ'ဖြစ်နိုင်တာမလို့
စိတ်ကျန်းမာရေးကို ဂရုစိုက်ပြီး covindရောဂါဆိုး
ကြီးကို အောင်မြင်စွာကျော်ဖြတ်နိုင်ဖို့ ဆုတောင်းပေး
လိုက်ပါတယ်ဗျာ။ ။
ဒီblogလေးကို shareပြီး ကိုယ့်မိတ်ဆွေ သူငယ်
ချင်းတွေရဲ့စိတ်ကျန်းမာရေးကိုမြှင့်တင်ပေးကြရ
အောင်နော်💪💪💪
0 Comments