မြန်မာတွေရဲ့ မြန်မာနိုင်ငံသားတို့အပေါ်လုပ်ရပ်

 


အရှေ့ကနေကြမ်းပြင်ကို သီးသန့်ထိုးထားတဲ့မီးကလာတဲ့ပုံကို 

အနောက်ကအရောင်ပြန်တာလို့ ဖာချင်တာလား


မရဘူး မရဘူး နိုင်ငံရေးမှာတိုက်ဆိုင်မှုမရှိဘူးတဲ့

အဲ့ဒါတော့မသိဘူး


အနုပညာမှာတော့ တိုက်ဆိုင်မှုဆိုတာလည်းမရှိဘူး တိုက်ထားရတာ

ကြီးကျယ်ခမ်းနားလေ အဘက်ဘက်က ပိုတိုက်ထားရလေပဲ

ဒါဟာကြိုတင်ကြံစည်မှုနော်




ကတဲ့သူက မသိဘူးတဲ့ လေ့ကျင့်တုန်းက အခေါက်ခေါက်လေ့ကျင့်ရတာ မသိဘူးလား

မဖြစ်နိုင်ဘူးနော်


အောက်ကလူကရောမသိဘူးလား အိပ်ပျော်နေတာလား

မဖြစ်နိုင်ဘူးနော်


ရိုက်ကူးရေးအဖွဲ့တွေကရော စက်တွေရိုက်ကူးရေးတွေ ကြိုတင်ပြင်ဆင်မရိုက်ကူးကြဘူးလား သူတို့မမြင်ဘူးလား

မဖြစ်နိုင်ဘူးနော်


LEDမီးအဖွဲ့တွေကရော သူတို့မီးသူတို့ပြန်မကြည့်ဘူးလား

မဖြစ်နိုင်ပြန်ဘူးနော်


နာမည်ကြီးဖို့တစ်ခုတည်းအတွက်နဲ့ မြန်မာအသဲနှလုံးကိုချနင်းတာလား 

စဥ်းစားစရာပဲနော်


ဘယ်သူကကြိုတင်ကြံစည်တာလဲ 

ဒါမှမဟုတ် ပူပေါင်ကြံစည်ကြတာလား

ကြိုတင်ကြံစည်မှုဆိုတာသေချာနေပြီ


အလယ်တစ်မြောင်းတည်း ကြမ်းပြင်မှာထင်လင်းရှင်းနေတာကို အနောက်ကအရောင်ပြန်လာတာပါဆိုတော့ ဘယ်ကနေအရောင်ပြန်လာတာလည်း အနောက်ဘက်lCDအချက်ကနေ အရောင်ပြန်လာတာလဲ ဝိုင်းစဥ်းစားကြပေရော့


အကနဲ့တီးလုံးကောင်းရဲ့သားနဲ့ ဂရုမစိုက်ဘူးကွာဆိုတဲ့အချိုးကြောင့် တံတွေးခွက်ထဲရောက်ကြတယ်။


မှားမှန်းသိတယ်ဆိုရင် တင်ထားတဲ့ဗီဒီယိုတွေပြန်ဖျတ်ပြီးတောင်းပန်သင့်တယ် အခုကငါတို့မမှားဘူးအချိုးနဲ့ 


အရေယူမှုမရှိရင် နောင်လည်းရပါတယ်ကွာ ဘားမှမဖြစ်ပါဘူးဆိုတဲ့အထာနဲ့လာကြဦးမယ်

ပိုပြီးနာမည်ကြီးပါတယ်ဆိုတဲ့ ရွံစရာကောင်းတဲ့အတွေးနဲ့ လုပ်ကြဦးမယ်


သာသနာရေးနဲ့ယဥ်ကျေးမှုက မလုပ်ရဲရင် ဘာသာချစ်တဲ့ သူတွေက တစ်ခုခုစဥ်းစားပြီ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့နည်းလမ်းရှာကြပါ လိုင်းပေါ်ပြောနေရုံနဲ့အရေထူနေတဲ့သတ္တဝါမို့ ချွန်းနဲ့ပေါက်မှရပါတော့မယ်


TTK(ဧရာဝတီ)

11.10.2020



Post a Comment

0 Comments