ဘာသာရေး​နဲ့မဲဆွယ်တာ နိုင်ငံတကာမှာမရှိဘူး

 ဒေါ်အောင်ဆန်းစုကြည့်ကတော့ ပြောတယ်

နိုင်ငံတကာမှာ ဘာသာရေးအကြောင်းပြပြီး မဲဆွယ်တာမျိုး မရှိဘူးတဲ့ ဟုတ်တယ်ဗျ ဘယ်နိုင်ငံမှာမှ မကြားမိဘူး။


ဘာကြောင့်လည်းလို့ ပြန်လေ့လာကြည့်တယ်။ သူတို့နိုင်ငံမှာက ဘာသာရေးကို ပြောစရာကိုမလိုတာ။ သူတို့နိုင်ငံသားတွေက သူတို့ဘာသာကို အလေးမြတ်ထားသလို နိုင်ငံခြားသား ဘာသာခြားတွေကလည်း မစော်ကားရဲဘူး။ တင်းကြပ်တဲ့ ဥပဒေတွေရှိတယ်။ ကြီးလေးတဲ့ ပြစ်ဒဏ်တွေရှိတယ်။ မနေနိုင် မထိုင်နိုင်လို့ စော်ကားချင်ရင်လည်း ရတယ်။ ကိုယ်လုပ်ကိုယ့်ခံ တိကျသေချာတဲ့ စီရင်ချက်မျိုးတွေ ရှိတယ်။ တစ်ချို့နိုင်ငံ စီရင်မှုမျိုးဆို အသတ်တောင် သေနိုင်တယ်။ ဒီလိုမျိုးဥပဒေစိုးမိုးနေတော့ ကိုယ့်နိုင်ငံသားတွေ ထဲကတောင်မှ မယုံကြည်ရင်နေ မစော်ကားဘူး။ လူမျိုးခြားဆိုဝေးစွ။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိတယ်။ လွတ်လပ်စွာ စော်ကားခွင့် မရှိဘူး။ သြ..ဒါကြောင့် ဘာသာရေးနဲ့ ပတ်သက်တဲ့ ပြောစရာစကားကို မရှိလို့ မပြောကြတာကိုလို့ သွားတွေ့တယ်။ 


အမေရီကန်မှာ သမ္မတ၄၀ကေျာ်လာပြီ တက်လာတဲ့ သမ္မတတိုင်းက ခရစ်ယာန်တွေချည်ပဲ။ လွှတ်တော်ထဲ သမ္မတ ကျမ်းသစ္စာကျိန်ဆိုရင် သမ္မာကျမ်းစာကို ကိုင်ပြီး ကျိန်ဆိုကြရတယ်။ ဒီဖြစ်စဥ်ကိုကြည့်ရင် ဒီမိုကရေစီစနစ်မှာ ပြည်သူက အစိုးရကို ရွေးကောက်တင်မြှောက်လို့ အများစု ဆန္ဒရှိတဲ့သူက သမ္မတဖြစ်လာရတယ်။ ပြည်သူက သူတို့နိုင်ငံဘာသာဖြစ်တဲ့ ခရစ်ယာန်ဘာသာ ကိုးကွယ်ယုံကြည်သူကိုပဲ ရွေးကောက်တင်မြှောက်ကြတယ်။


 ယခုတက်လာတဲ့ ထရမ့်ကိုပဲကြည့်လေ ဒီမိုကရက်ပါတီက နိုင်မယ်လို့ထင်ခဲ့တာ။ အိုဗားမား ကိုယ်တိုင်ကတောင် သူ့လေယျာဥ်နဲ့ မဲလိုက်ဆွယ်ပေးခဲ့တာပဲ။ သတင်းစားနဲ့ မီဒီယာတွေက ထရမ့်ကို ဝိုင်းထိုးနှက်ကြပီး ဟီလာရီကလင်တန်ကို ဝိုင်းမြှောက်ကြတယ်။ ဒေါ်နယ်ထရမ့်ကို ဗရုတ်သုပ်ခ ပြောတဲ့သူဖြစ်အောင် ပြောကြတယ်။ ထရမ့်တော့ မနိုင်ပါဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ေရွးကောက်ပွဲရလာဒ်လည်း ကြေညာပါလေရော ထရမ့်က အနိုင်ရခဲ့တယ်။


 နောက်ဆုံးတော့ အမေရီကန်ပြည်သူတွေက သူ့နိုင်ငံ သူလူမျိုး အကျိုးစီးပွားကိုပဲ ရှေ့ရှူလုပ်ဆောင်မယ်လို့ ကြွေးကြော်ရဲတဲ့သူကိုပဲ ရွေးချယ်လိုက်ကြတယ်။ ဒီနိုင်ငံဟာ လူ့အခွင့်ရေးစကား သိပ်ပြောတဲ့ လူ့အခွင့်ရေးရဲ့ ဖိုးအေကြီးလို့တောင် ပြောရမယ့် နိုင်ငံနော်။ အုပ်ချုပ်သူ ခေါင်းဆောင်မှစလို့ တိုင်းသူပြည်သား နိုင်ငံဥပဒေအားလုံးက ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ပြောစရာစကားလုံးကို မရှိတော့ ဘားကိုမှ ပြောစရာကို မလိုတာ။ 


မြန်မာနိုင်ငံကို ပြန်ကြည့်ကြဦးစို့။ ပထမမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းမှစလို့ မင်းတုန်း သီပေါရှင်ဘုရင်ထိတိုင် ဘာသာသာသနာကို အလေးထား ကိုးကွယ်ယုံကြည် လာခဲ့ကြတယ်။ အင်္ဂလိပ်လက်အောက် ကျရောက်နေစဥ်မှာပဲ ဘာသာရေးနဲ့ပတ်သက်ရင် ဆက်စပ်ထိမခံနိုင်ကြဘူး။ ေရွှတီဂုံ ကိုချနင်းဖို့မပြောနဲ့ ရင်ပြင်တော်ပေါ် ဖိနပ်မစီးဖို့ စစ်သင်္ဂြိုင်း မလုပ်ဖို့ဆိုတာတွေမှာ ပြည်သူလူထုတစ်ရပ်လုံး ဆူပူအုံကြွခဲ့ကြလို့ အင်္ဂလိမ်မင်းတောင်လိုက်လျောပေးခဲ့ရတယ်။ 


လွပ်လပ်ရေးရပြီးခါစ တိုင်းပြည်မငြိမ်မသက် ဖြစ်နေဆဲ့အခါ အဖက်ဖက်က ဝိုင်းဝန်းထိုးနှက်နေချိန်မှာတောင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းပေးပြီး ဗုဒ္ဓဘာသာအရေး အားပေးခဲ့တယ်။ 


ယခုချိန်ခါမှာတော့ ကိုယ့်မင်းကိုယ့်ချင်း ကိုယ်ထီးကိုယ့်နန်းကိုယ့်တိုင်းပြည့်ကိုယ့်လူမျိုးက ဒီမိုကရေစီနည်းကျ အုပ်ချုပ်ချိန်ကျတော့မှ ဘာသာသာသာနာကို လွတ်လပ်စွာ စော်ကားဝံ့လာကြတယ်။ ဘာသာခြား လူမျိုးခြားကလည်း လွတ်လပ်စွာ စော်ကားလာကြသလို ဗုဒ္ဓဘာသာထဲကလည်း ဗုဒ္ဓဘာသာပါလို့ကြွေးကြော်ပြီ စော်ကားတယ်။ ဗုဒ္ဓဘာသာကို ယုံသလိုလို မယုံသလိုလိုနဲ့ ယုံချင်ရောင်ဆောင်နေတဲ့ ကြောင်သူတော်တို့ကလည်း စော်ကားသူကို အားပေးနေကြတယ်။ အုပ်ချုပ်သူတွေကလည်း ထိရောက်စွာအရေးမယူဘဲ ဥပဒေကိုအလေးမမူဘဲ စော်ကားသူတွေကိုတောင်အကာကွယ်ပေးနေသေးတယ်။ အခုလက်တလော project K ကိစ္စမှာတောင် ဘာသာရေးစော်ကားပါတယ်လို့ ကြွေးကြော်သူတွေကို ဖမ်းဆီး အပြစ်ပေးခံရတာကိုပဲကြည့်လေ။ 


မြန်မာနိုင်ငံမှာ ဥပဒေကို လိုသလိုအသုံးချပြီ တရားမျှမှုမရှိ ဘက်လိုက်နေသမျှတော့ ဘယ်လိုမှ တည်ငြိမ်မှာမဟုတ်ဘူး။ ဘာသာသာသနာရေးတွေမှာ အနိမ့်ကိုဆွဲချ တန်းညှိနေသမျှတော့ ဘာသာရေးစကားတွေ ပြောသံတွေကြားနေရဦးမှာပါ။


TTK(ဧရာဝတီ)

23.10.2020



Post a Comment

0 Comments