ပါတီဆိုတာ ယာယီပါပဲ

 



အိန္ဒိယမှာ အလွန်တော်တဲ့ နေရူးဆိုတဲ့ အိန္ဒိယဝန်ကြီးချုပ်ဟာ စစ်ရေး နိုင်ငံရေး ပေါင်းသင်းဆက်ဆံရေးနဲ့ သဘောထား အမြင် ခံယူချက်တွေ ဘာသာရေး ယုံကြည်ကိုးကွယ်မှုတွေမှာ အရမ်းတော်တဲ့ လူတစ်ယောက်ပါပဲ။ အိန္ဒိယနိုင်ငံကို နေရူးမျိုးဆက် အဆက်ဆက်က အုပ်ချုပ်လာခဲ့တယ်။ဒါပေမဲ့ ဒီကနေချိန်ခါမှာတော့ နေရူးမျိုးဆက် ဆက်လက်မအုပ်ချုပ်နိုင်​ေတာ့ပါဘူ။ ဒါကလွန်ဆန်လို့မရတဲ့ လောကနိယာမပါ။ ဘယ်လောက်ကောင်းတဲ့ မျိုးဆက်ပဲဖြစ်နေပါစေ။ လူရဲ့အကြိုက်ကိုတော့ တသက်မတ်တည်း ခံယူထားရမယ်လို့ ပြောလို့မရပါဘူး။


ပူပူနွေးနွေး ထိုင်နိုင်ငံ ဘူမိဘော မျိုးဆက်ကိုလည်း ကြည့်ပါဦး။ ထိုင်းဘုရင် နတ်ရွာစံတော့ ပြည်သူတစ်ရပ်လုံးပါမက တခြားတခြားသော လူမျိုးများကပါ ယူကြုံးမရ ဖြစ်ကြရတယ်။ အလွန်ကောင်းတဲ့မျိုးဆက်။ ဒီနေအချိန်မှာတော့ ပြည်သူလူထု တစ်ရပ်လုံးက မကြိုက်နှစ်သက်တော့ပါဘူး။ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ရုံးရင်းဆန်ခက် ဖြစ်လို့နေပါပြီ။ ထိုင်ဘုရင့်အာဏာ ဘယ်လောက်ဆုပ်ကိုင်ထားနိုင်မလဲ။ စစ်အုပ်ချုပ်ရေးအာဏာ ဘယ်လောက်ချုပ်ကိုင်ထားနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့် အနေထားမျိုးပါ။ 


တစ်ခါတစ်ရံလည်း ပြည်သူလူထု ကြိုက်ခြင်း မကြိုက်ခြင်းဟာ ခေါင်ဆောင်နဲ့လည်း သက်ဆိုင်နေပြန်တယ်။ ယုံကြည်ရလောက်တဲ့ ခေါင်ဆောင်ဆို ကြိုက်နှစ်သက်ပြီး မယုံကြည်ရဘူးလို့ ယုံကြည်လက်ခံလာရင် မကြိုက်တော့ပါဘူး။ မကြိုက်ရကောင်းလားလို့ ရမယ်ရှာနေမယ် ရန်ရှာနေမယ်ဆိုရင်တော့ အမုန်းကို ၂နဲ့မြှောက်သလိုပဲ ဖြစ်နေမှာပါ။ 


လူတွေက ဒီတစ်ခေတ်မှာ ဒါကိုကြိုက်ပေမဲ နောင်တစ်ခေတ်မှာ ကြိုက်ချင်မှကြိုက်တော့မယ်။

ဒါကလောကသဘာဝ ဖြစ်စဥ်ကြီးလို့တောင် ပြောရမယ်။ လူရဲ့အကြိုက်ကိုတော့ ဒါပဲကြိုက်ရမယ် လုပ်လို့မရဘူး။ သူတို့အတွေ့ကြုံ အသိမြင် ဖြတ်သန်းလာမှု ဘဝအခြေနေတွေကြောင့် ကြိုက်ခြင်းမကြိုက်ခြင်းကို လိုက်လံတားဆီးပိတ်ပင်လို့ မရပါဘူး။ရနိုင်တာကတော့ သူတို့ရဲ့အသိမြင်ကို ပြောင်အောင်တော့ ကြိုးစားခွင့်ရှိပါတယ်။


မြတ်စွာဘုရားက ညီတော်အာနန္ဒာကို စကားလေးတစ်ခွန်းမိန့်တယ်။ ချစ်သားအာနန္ဒာ ပုဂ္ဂိုလ်နောက်မလိုက်ပါနဲ့။ ပုဂ္ဂိုလ်ကမမြဲဘူး။ ဓမ္မနောက်ကိုသာလိုက်ပါ။ ဓမ္မတရားသာမြဲပြီး သင့်ရဲ့ရည်မှန်းချက်ကို လမ်းပြပေးနိုင်ပါမယ် လို့မိန်တော်မူခဲ့တယ်။ ညီနော်အာနန္ဒာဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး ပထမသင်္ဃါယနာတင်မယ့် ညမှာမှ ရဟန္တာဖြစ်ခဲ့ပါတယ်။ ပုဂ္ဂိုလ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဓမ္မတရားရှိနေသ၍ အကျိုးပေးနေမှာဖြစ်လို့ ဓမ္မနောက်ကိုသာလိုက်ဖို့ မိန့်မှာထားခဲ့တာဟာ ဒီကနေ့ ပါတီနိုင်ငံရေးလုပ်သူတို့အဖို့ သတိပြုမှတ်သားသင့်တဲ့ မိန်မှာချက်ပဲဖြစ်ပါတယ်။


အဲ့ဒိီတော့ နိုင်ငံရေးဆိုတာ နိုင်ငံနဲ့လူမျိုး ရှိနေသမျှတည်ရှိနေပြီး ပါတီနိုင်ငံရေးကတော့ တစ်နေ့နေ့ တချိန်ချိန်မှာ ဇာတ်သိမ်းသွားနိုင်ပါတယ်။ 

နိုင်ငံရေးကိုသာလုပ်ပါ ပါတီရေးတွေလုပ်တဲ့အခါမှာလည်း ရိုးသားဖြောင့်မတ်မှုရှိပါစေ။

ဒီကနေပြောဆို လုပ်ကိုင်မှုတွေနဲ့ သဘောထားအမြင်တွေဟာ မနက်ဖြန် ကိုယ့်ရဲ့သမိုင်းဆိုတာတော့ မမေ့စေချင်ပါဘူး။ ဒီကနေ့ အာချောင်ခဲ့တာတွေဟာ မနက်ဖြန် ကိုယ့်ရဲ့သမိုင်း မို့လို့ပါပဲ။ 


အမှန်တရားကတော့ ဘယ်ခေတ်ဘယ်အခါပဲရောက်ရောက် ဘယ်လောက်ပဲဖုံးဖုံး ပျောက်ကွယ်သွားခြင်းမရှိဘဲ မဟုတ်မမှန် တွေကတော့ ဘယ်လောက်ပဲ ဖွဖွ တစ်ချိန်ချိန်ပျောက်ကွယ်သွားရစမြဲပါ။

 တစ်နေ့နေ့တစ်ချိန်ချိန် သမိုင်းကို ပြန်တူးဆွလို့ ပုသင်ဥပေါ်လာခဲ့ရင် ကိုယ့်ရဲ့ပုတ်သင်ဥဆိုတာ လက်ခံနိုင်တဲ့ အင်အားရှိနေပါစေလို့ပဲ သတိပေးပရစေ။ ဒီကနေ့ဒီအချိန်မှာတော့ ဘာမသိညာမသိ ငါ့လူမထိနဲ့ဆိုသူတွေတော့ ပိုလို့အားမွေးထားကြပါ။ 


TTK(ဧရာဝတီ)

21.10.2020

Post a Comment

0 Comments