လူတစ်ချို့က မဟုတ်တာပြောလည်း လက်မခံဘူး။ ထားပါ ဒါကကြားကောင်းသေးတယ်။ ဟုတ်တာပြောလည်းလက်မခံပြန်ဘူး။ ဒါကတော့ထူးဆန်းသွားပြီ။
အမှန်တရားဆိုတာ ကိုယ့်သဘောထားနဲ့ တိုက်ဆိုင်မှအမှန်တရားလို့ ထင်တက်ကြတာလားလို့တောင် တွေးမိတယ်။ သဘာဝအမှန်တရား ပကတိအမှန်တရားကို လက်မခံချင်သ၍ မျက်ကန်ယုံကြည်မှုမျိုးနဲ့ပဲဲ အဆုံးသတ်သွားကြမှာပဲ။ မျက်ကန်ယုံကြည်မှုများလာလေလေ အမှန်တရားသေဆုံးလာလေလေပဲ။ ပကတိအမှန်တရားသေဆုံးလာလေလေ တိုင်ပြည် အောက်တန်းနောက်တန်းကျလာလေလေပဲ။
ပါစပ်ကပြောတော့ ပြည်သူ့အတွက် တိုင်းပြည်အတွက်နဲ့ လုပ်နေတာကျတော့ ကိုယ်လူအတွက် ကိုယ့်အုပ်စုအတွက် ဒါကိုများ စကားကြီးစကာကျယ်က သုံးနေသေးတယ်။ ရှက်ရကောင်းမှန်းလည်းမသိဘူး။ ကိုယ့်လူဘာလုပ်လုပ်အမှန်ပဲ။ သူများလူဘာလုပ်လုပ် အမှားလို့မြင်တက်တဲ့ အမြင်မျိုးလောက်သာရှိရင် တစ်ဖက်ကန်းမဟုတ်တော့ဘူး စုံလုံးကန်ဖြစ်သွားပြီ။ ဘာလို့လည်းဆိုတော့ ကိုယ့်လူက မှန်တာလုပ်တာလည်းရှိမယ် မှားတာလည်း ပါ ကောင်းပါနိုင်တယ်။ တဖက်လူကလည်းထိုနည်းတူပဲ။
ကိုယ့်လူအမှားလုပ်တာကျတော့ဖုံးတယ်။
သူများလူအမှားလုပ်တာကျတော့ဖော်တယ်။ အထပ်ကိုတော့ဖားတယ်။ အောက်ကိုတော့ဖိချင်တယ်။ နောက်ဆုံးတော့ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ -ာ နိုင်ငံအနေထားမျိုးပဲ။
ကိုယ့်လူ သူလူလို့ သက်မှက်ချင်ကတည်းက
အုပ်စုဖွဲချင်တဲ့အကျင့်ကရှိနေတယ်ဆိုတာ ထင်ရှားတယ်။ ကိုယ့်လူမဟုတ်ရင် သူ့လူလို့ ထင်တယ်။ သူ့လူမဟုတ်ရင်လည်း ကိုယ့်လူလို့ထင်တယ်။ ထင်တစ်လုံးဟာ တော်တော်ဒုက္ခပေးတယ်။ မနက်က သူငယ်ချင်းတစ်ယောက်ကမန့်မှာလာရေးတယ် ကိုယ်ကပြောတာကအကြောင်းရာတစ်မျိုး သူက မဲကိစ္စနဲ့ မန့်မှာ ရောလှိပ့်တယ်။ ဒီလိုအခြေနေမှာတော့ ဘယ်လိုအကြောင်းမျိုးနဲ့ပဲဝေဖန်ဝေဖန် မဲဆွယ်တယ်လို့ပဲမြင်နေတာပဲ။ အောက်တန်းကျတဲ့အမြင်မျိုးတွေ။
Project K နဲ့ပါတ်သက်တဲ့စာရေးတုန်းက မန့်မှာ တစ်ယောက်က ရေးထားတဲ့စာကိုနားမလည်ဘူးတဲ့ ဘယ်လူ့ဘက်ကမှန်းမသိဘူးတဲ့။ မျက်စေ့လည်သွားပုံရတယ်။ သူ့က သူ့ဘက်ကလား ငါ့ဘက်ကလားလို့ သူ့ဘက်ကိုယ့်ဘက်ခွဲချင်တာ။ ကိုယ့်ဘက်ကို ဝေဖန်ရင် သူ့ဘက်လို့ထင်ပြန်ရော သူ့ဘက်ကိုဝေဖန်ရင်ကိုယ့်ဘက်လို့ထင်ပြန်ရော။ ကိုယ့်ဘက်မဟုတ်ရင်ဘာပြောပြောဆော်မယ်ဆိုတဲ့သူတွေကများနေတယ်။ သူ့ဘက်ကိုယ့်ဘက် ခွဲနေသမျှတော့ အမှန်တရားက သေဆုံးနေဥ်ီးမှာပဲ။
ကိုယ့်ဘက်ကမှန်တာလုပ်ရင် အာပေးရဲတဲ့ သတ္တိမျိုး ရှိသလို့ သူများဘက်က မှန်တာလုပ်ရင် မှန်တာပြောရင်လည်း အားပေးရဲတဲ့သတ္တမျိုး ရှိသင့်တယ်။ သူများဘက်က အမှားလုပ်တာ တွေ့ရင် ထောက်ပြဝေဖန်ရဲတဲ့သတ္တိမျိုး ရှိသလို ကိုယ်ဘက်က မှားနေတာတွေ့လည်း ထောက်ပြဝေဖန်ရဲတဲ့ သတ္တိမျိုးရှိသင့်တယ်။ ကိုယ်ကတော့ အုပ်စုဖွဲ့တဲ့သူတွေကြားမှာ အဲ့လိုအမြင်မျိုး ရှိတော့ အုပ်စုတွေက ဝိုင်းထောင်းခြင်းခံနေရတဲ့ လူမျိုးပေါ့။ ဘယ်သူတွေကထောင်းနေပါစေ။ ကိုယ်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာအတွက်ပြောနေမှာပဲ။
သတ္တိတော့ရှိကြပါတယ်။ သူ့လူမှားနေတာကို ေဝဖန်လိုက်ဦးမဟဲ့လို့ထောက်ပြလိုက်ဦးမဟဲ့လို့သာရှိပြီး ကိုယ့်လူတွေမှားနေတာမျိုးဆိုရင် မသိချင်ယောင်ဆောင်နေတာမျိုးက သတ္တိကြောင်တယ်လို့ခေါ်တယ်။ သတ္တိက အလုံးစုံရှိတာမျိုးမဟုတ်ပဲ ကွတ်ကျားရှိတာကို သတ္တိကြောင်တယ်လို့ခေါ်တာ။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ပေါ့ သတ္တိရှိတာလား သတ္တိကြောင်တာလား သဲကွဲစွာရှူမြင်နားလည်နိုင်ပါစေ။
TTK(ဧရာဝတီ)
20.10.2020
0 Comments