ကိုယ့်သမိုင်းကိုယ်ရေးတဲ့နေရာမှာ သူများကိုဂရုစိုက်မနေနဲ့

 ကိုယ့်ခံယူချက်အတိုင်းသာ လျှောက်လှမ်းပါ

မှန်မယ်ထင်တဲ့ အယူအဆကို ရဲရဲဝံ့ဝံ့လုပ်ပါ


ကိုယ်လုပ်တဲ့ အလုပ်ဟာ

ကိုယ့်သမိုင်းမို့ 

ဘယ်သူတွေ ဘာတွေပြောပြော

ကိုယ့်သမိုင်းသာ ကိုယ့်စိတ်ကြိုက် ဖန်တီးရွေးချယ်ပါ

အချိန်ကစကားပြောသွားပါလိပ့်မယ်


တည်ငြိမ်မှုဆိုတာ

ရေမျက်နှာပြင်ကို ခဲတစ်လုံးပစ်ချလိုက်လို့ ချက်ချင်းတည်ငြိမ်အောင် လုပ်လို့မရပေမဲ့

အချိန်ပေးလိုက်ရင် တည်ငြိမ်လာပါလိပ့်မယ်


တစ်လောကလုံးနဲ့ တစ်ယောက်ဖြစ်နေပါစေ 

ကောင်းကျိုးရှိမယ့်အလုပ်ဆိုရင် လုပ်ဖြစ်အောင်ဆက်လုပ်ပါ


အောင်မြင်မှုဆိုတာ စွန့်စားမှုက မွေးဖွားလာတာမို့ 

အခက်အခဲရှိလာရင် ခေါင်းမော့ရင်ကော့ပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတဲ့ သတ္တိအပြည့်ရှိတဲ့သူအဖြစ်နဲ့ မြင်ချင်ပါတယ်


အခက်အခဲ မရှိတဲ့ဘဝက လူကိုမရင့်ကျတ်စေဘူးတဲ့။ အခက်အခဲရှိမှ ဖြေရှင်းရင်းနဲ့ လူကရင့်ကျတ်ပြီး အရင်းအချင်းတွေ အရည်အသွေးတွေတက်လာတာ အခက်ခဲနဲ့ကြုံလာတိုင်း ဒီလိုပဲနှလုံးသွင်းမိတော့ ရင်ဆိုင်ရတဲ့အခါမှာ ရဲရဲရင့်ရင့် ရင်ဆိုင်တော့ လူကသိပ့်ပြီး မပင်ပန်းတော့သလိုပဲ

အဲ့ဒါကြောင့် အခက်အခဲနဲ့ကြုံလာတိုင်း ဒီလိုပဲနှလုံးသွင်းပြီး ရင်ဆိုင်ကျော်လွှာပါ။


#TTK_ဧရာဝတီ 


4.5.2021



Post a Comment

0 Comments